JLPT Online Application System မှတ်ပုံတင် ခြင်းဆိုင်ရာစည်းကမ်းချက်များ
Registration ပြုလုပ်ရန် အောက်ပါစည်းကမ်းချက်များကိုသတိပြုပါ။
ယခုJLPT Online Form မှတ်ပုံတင်သည် နောင်JLPTစာမေးပွဲအတွက် Online Form တင်ရာတွင် ပြန်လည်အသုံးပြုနိုင်မည် ဖြစ်သောကြောင့်သေချာစွာဖြည့်သွင်းပေးရန်လိုအပ်ပါသည်။
Registration အချက်အလက်ဖြည့်သွင်းရာတွင် ကာယကံရှင်ကိုယ်တိုင်ဖြည့်သွင်းရပါမည်။ အကယ်၍ အခြား သူများမှ ကိုယ်စားလုပ်ဆောင်ပေးပြီ အမှား တစ်စုံတစ်ရာ ပေါ်ပေါက်ပါက ကာယကံရှင်တာဝန် သာဖြစ်သည်။
Registration လျှောက်ထားသူသည်
▪ အသက် (၁၀) နှစ် နှင့်အထက် ဖြစ်ပါက နိုင်ငံသားသက်သေခံကတ်ပြား ရှိသူဖြစ်ရမည်။
▪ အသက် (၁၀) နှစ်အောက် ဖြစ်ပါက မွေးစာရင်း ရှိသူဖြစ်ရမည်။
▪ ရဟန်းတော်၊ ရှင်သာမဏေ၊ သီလရှင် ဖြစ်ပါက သာသနာဝင် စိစစ်ရေးကတ်ပြား ရှိသူဖြစ်ရမည်။
▪ လျှောက်ထားသူ၏ ကိုယ်ပိုင် Email အကောင့် တစ်ခု ရှိရမည်။
** Activation Code Link အား Email မှတဆင့် ပေးပို့မည်ဖြစ်ပါသောကြောင့်မှန်ကန်ပြည့်စုံသော Email ဖြစ်ရန် လိုအပ်ပါသည်။
Registration ပြုလုပ်သည့်အခါ အထူးသဖြင့် နာမည်၊ မွေးသက္ကရာဇ်၊ သက်သေခံကတ်အချက်အလက် တို့ကို ကျေးဇူးပြု၍ ပြည့်စုံမှန်ကန် သေချာစွာ ဖြည့်သွင်းပေးပါ။
JLPT Online Form လျှောက်ထားရန် မှတ်ပုံတင် ပြုလုပ်သည့်အခါ အထူးသဖြင့် နာမည်၊ မွေးသက္ကရာဇ်၊ သက်သေခံကတ်အချက်အလက် တို့ကို ကျေးဇူးပြု၍ ပြည့်စုံမှန်ကန် သေချာစွာ ဖြည့်သွင်းပေးပါ။ ယခုJLPT Online Form မှတ်ပုံတင်သည် နောင်JLPTစာမေးပွဲအတွက် Online Form တင်ရာတွင် ပြန်လည်အသုံးပြုနိုင်မည် ဖြစ်သောကြောင့်သေချာစွာဖြည့်သွင်းပေးရန်လိုအပ်ပါသည်။
နာမည်အပြည့်အစုံရေးသားရာတွင်
ကျေးဇူးပြု၍ နာမည်၏ရှေ့တွင် မောင်၊မ များအားဖြုတ်ပေးပါ။
အကယ်၍တိုင်းရင်းသားအမည်များပါဝင်နေပါက မဖြုတ်ဘဲ ပါဝင်အောင်ဖြည့်သွင်းရပါမည်။ (ဥပမာ- စော၊ မင်း၊ နော်၊ နန်း ၊ မိ စသဖြင့်)
မွေးသက္ကရာဇ်
မွေးသက္ကရာဇ် ဖြည့်သွင်းရာတွင်(နိုင်ငံသားမှတ်ပုံတင်ကတ်ပြား တွင် ပါရှိသည့် မွေးသက္ကရာဇ်နှင့်ထပ်တူ ဖြစ်ရမည်။)
ဖြေဆိုသူလိုင်စင်ဓာတ်ပုံ
(အလှ ဓာတ်ပုံ ၊ မျက်နှာမပေါ်လွင်သောပုံ ၊ ဝါးနေခြင်း၊ ဘေးတစောင်းဖြစ်နေခြင်း ၊ ပုံဆိုဒ်သေးလွန်းခြင်း ၊ ဖုန်းဖြင့်ပြန်လည်ရိုက်ကူးခြင်း များလက်မခံပါ)
သက်သေခံကဒ်ပြား Photo
သက်တမ်းရှိ Passport, သက်တမ်းရှိ ကားယာဉ်မောင်းလိုင်စင် (လိုင်စင်အမျိုးစား B, C, D, E သာလက်ခံမည်)နှင့် နိုင်ငံသားမှတ်ပုံတင်ကတ် သာလက်ခံပါမည်။ သက်သေခံကတ်နံပါတ်အား မှန်ကန်စွာဖြည့်သွင်းပေးပါ။
သက်သေခံကတ်ပြား ကာလာဓာတ်ပုံ(JPEG or PNG)
သက်သေခံကဒ် Photo ထည့်သွင်းပေးရာတွင် ဝါးနေခြင်း၊ ဘေးတစောင်း၊ ပုံဆိုဒ်သေးလွန်းခြင်း၊ ဖုန်းဖြင့်ပြန်လည်ရိုက်ကူးခြင်း များလက်မခံပါ။
ဖုန်းနံပါတ်အချက်အလက်
ရုံးမှဆက်သွယ်အကြောင်းကြားနိုင်ရန်အတွက်ဖုန်းနံပါတ်အချက်အလက်များအားသေချာစွာဖြည့်သွင်းပေးပါ။
အထက်ဖော်ပြပါအချက်အလက်များအား တိကျမှန်ကန်စွာဖြည်သွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အချက်အလက်မှားယွင်းမှုကြောင့် စာမေးပွဲဖြေဆိုခွင့်မရရှိခြင်းနှင့် အခြားဖြစ်ပေါ်လာသော အခက်အခဲများသည် လျှောက်ထားသူ တာဝန်သာဖြစ်သည်။
သတင်းအချက်အလက်
လျှောက်လွှာတင်၍မရသေးပါ။ နောက်ဆုံးသတင်းအတွက်ဤဝက်ဘ်ဆိုက်မှ သတင်းများ / ကြေငြာချက်များသို့မဟုတ် MAJA ဝက်ဘ်ဆိုက်သို့မဟုတ် MAJA Facebook စာမျက်နှာများတွင်ရှာဖွေကြည့်ရှုပါ။