အမေးများသောမေးခွန်းများ

Frequently Asked Questions
School (ဒါမှမဟုတ်) Group Registration form ဆိုတာဘာလဲ? ဘယ်လိုအလုပ်လုပ်လဲ?
ပုံမှန်အတိုင်း JLPT ရဲ့တရားဝင် Website ကနေ လျှောက်လွှာဖောင်တင်ရမည့်ပုံစံဖြစ်ပါသည်။ တစ်ဦးချင်း(Individual)မှတ်ပုံတင်ခြင်းနှင့်ကွာခြားသည့်အချက်မှာ တာဝန်ခံတစ်ဦးတည်းမှလူအရေ အတွက်များစွာ အတွက်တာဝန်ယူလျှောက်ထားပေးရမည့် ပုံစံဖြစ်ပါသည်။
School (ဒါမှမဟုတ်) Group Registration form ကို ဘယ်လို browser တွေအသုံးပြုပြီးလျှောက်ထားနိုင်လဲ?
(1) Microsoft Edge
(2) Google Chrome
(3) Apple Safari
(4) Mozilla Firefox
School (ဒါမှမဟုတ်) Group Registration Form ကိုဘယ်သူတွေတင်သင့်လဲ?
ဂျပန်စာသင်တန်းကျောင်း၊ ဂျပန်အလုပ်အကိုင် Agency နှင့် ပညာရေးနှင့်သက်ဆိုင်သော Company
Group Form တွင် Registration အပိုင်း၌ဘာတွေကွာခြားမှုရှိသနည်း။
ပိုင်ရှင်၏မှတ်ပုံတင် လိုအပ်ပါသည်။ Form လျှောက်ရာ၌ကျောင်းတာဝန်ခံ၏ အမည်နှင့်ကျောင်း၏ သက်တမ်းရှိလိုင်စင်မဖြစ်မနေထည့်သွင်းရပါမည်။
Group Form ကအောင်မြင်စွာပြီးဆုံးပါက ဘယ်လိုပုံစံမျိုးဖြင့်သက်သေခံအထောက်အထားများ ပြန်လည်ရရှိနိုင်သလဲ?
တစ်ဦးချင်း (Individual) ကဲ့သို့ပင် Zip File ဖြင့် Test Voucher နှင့် Form C ကို PDF File ဖြင့်ရရှိမည်။ တာဝန်ခံများအနေဖြင့်ပြန်လည်သေချာစွာဝေပေးရန်လိုအပ်ပါသည်။
Group Form တွင်ဘယ်လိုကန့်သတ်မှုမျိုးတွေရှိလဲ?
(1) Duplicate NRC No.
(2) Duplicate E.mail
(3) License Expired
ထိုင်ခုံနေရာခွဲဝေမှု (သို့) Form အရေအတွက်ကိုဘယ်လိုသိရှိနိုင်မလဲ?
MAJA မှချမှတ်ထားသော အရေအတွက်အတိုင်းသာရရှိနိုင်ပါမည်။ အသုံးပြုသူဘက်မှ ပြင်ဆင်ပြောင်းလဲခြင်းမပြုလုပ်နိုင်ပါ။
Test Level ပြောင်းလဲ၍ရနိုင်ပါသလား?
MAJA ဘက်မှ Approved လုပ်ပြီးပါကပြောင်းလဲနိုင်မည်မဟုတ်ပါ။
ငွေပေးချေမှု အဆင့်ကို မည်သည့်နည်းလမ်းများဖြင့် အသုံးပြုနိုင်သနည်း။
(1) Local Card (MPU)
(2) Kpay Qr Payment
တို့ဖြင့်ငွေပေးချေနိုင်ပါသည်။
ငွေပေးချေမှုရှိ/မရှိအားမည်သို့သိရှိနိုင်မည်နည်း။
ငွေပေးချေမှုပြီးဆုံးပါက လျှောက်ထားသူသည် “Back To Merchant” ခလုတ်ကိုနှိပ်၍ ပြေစာ ၊ Invoice Number တို့အားလက်ခံရရှိမည်ဖြစ်ပြီးလျှောက်လွှာတင်ခြင်းပြီးစီးမည် ဖြစ်ကြောင်းပြသပြီး ငွေပေးချေမှုရှိ/မရှိ ကိုသိနိုင်ပါသည်။