၂၀၂၆ ခုနှစ်၊ ဇူလိုင်လ စာမေးပွဲအတွက် မှတ်ပုံတင်လျှောက်ထားခြင်း နှင့် ပတ်သက်၍ (သင်တန်းကျောင်းများ)
22/01/2026
၂၀၂၆ ခုနှစ်၊
ဇူလိုင်လ စာမေးပွဲ အတွက် Group
Form လျှောက်ထားမည့် သင်တန်းကျောင်းများအနေဖြင့် Online
System တွင် အချက်အလက်များ ကြိုတင်ဖြည့်သွင်းခြင်း(Registration)
ပြုလုပ်ထားရန် လိုအပ်ပါသည်။
Registration/Activation
ပြုလုပ်ခြင်းအား ၁.၂.၂၀၂၆ ရက်နေ့ မနက် (၉)နာရီ မှ ၁၀.၂.၂၀၂၆ ရက်နေ့
ညနေ (၄း၃၀)နာရီ အထိ ပိတ်ရက်မရှိ Online System မှ တဆင့်
လုပ်ဆောင်နိုင်ပါသည်။ Website Link အား Edit ပြုလုပ်ထည့်သွင်းပေးသွားပါမည်။
သင်တန်းကျောင်းများအတွက်
တစ်ကျောင်းလျှင် လျှောက်လွှာအရေအတွက်အများဆုံး (၁၀၀) စောင်နှုန်း ဖြင့်
လက်ခံသွားမည် ဖြစ်ပါသည်။
သက်တမ်းရှိလိုင်စင်တခုအား
သင်တန်းကျောင်းတစ်ကျောင်း အဖြစ်သတ်မှတ်ပါသည်။ ပိုင်ရှင်အမည်တူ လိုင်စင်အခွဲများ
အကြုံးမဝင်ပါ။ အချက်အလက် စုံလင်စွာမပါသော လျှောက်ထားခြင်းများနှင့် သက်တမ်းကုန်နေ သည့်
လိုင်စင်များအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
Registration ပြုလုပ်ထားပြီးသော သင်တန်းကျောင်းများ
(၁)
ယခင်စာမေးပွဲတွင် Registration ပြုလုပ်ထားပြီး
စာမေးပွဲဖောင်လျှောက်ထားခွင့် ရရှိထားပြီးသော သင်တန်းကျောင်းများအနေဖြင့် Registration
ပြန်လည်လျှောက်ထားရန် မလိုအပ်ပါ။ သို့ရာတွင်ယခင်က မှတ်ပုံတင်ထားသော
သင်တန်းကျောင်းများ၏ Account မှာ Deactivate status ဖြစ်နေမည် ဖြစ်သောကြောင့် Activate ပြန်လည်
ပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။
လုပ်ဆောင်ပုံအဆင့်ဆင့်အားကြည့်ရှုရန်
https://drive.google.com/file/d/1BEWGTgJWuYqjV4TI4XvjsHUGhdgl-RQW/view?usp=sharing
Registration စတင်ပြုလုပ်မည့် သင်တန်းကျောင်းများ
(၁)
သင်တန်းကျောင်းအသစ်များအနေဖြင့် “အကောင့်ဖွင့်မည်” အားနှိပ်၍ မှတ်ပုံတင်
လျှောက်ထားရမည် ဖြစ်ပါသည်။
(၂)
အီးမေးလ်(Email) လိပ်စာ တခုလျှင် မှတ်ပုံတင်ပြုလုပ်ခြင်း
နှင့် လျှောက်လွှာတင်ခြင်း တစ်ကြိမ်သာ ပြုလုပ် နိုင်မည် ဖြစ်ပါသည်။
(၃)
အချက်အလက်များအား စစ်ဆေး၍ ဆက်လက်လုပ်ဆောင်ရမည်များအား Online System မှ တဆင့် မှတ်ပုံတင်လျှောက်ထားချိန်တွင် ဖြည့်သွင်းထားသော Email သို့ ပေးပို့သွားမည်ဖြစ်ပါသောကြောင့် ဖြည့်သွင်း ခဲ့သော Email အဝင်များအား စစ်ဆေးနေရန် လိုအပ်ပါသည်။
လုပ်ဆောင်ပုံအဆင့်ဆင့်အားကြည့်ရှုရန်
https://drive.google.com/file/d/1Ee3Cf_GS2iBzbkk0_KneVONK9dLwLyVB/view?usp=sharing
Registration အတွက် အောက်ပါအချက်များအား ကြိုတင်ပြင်ဆင် ထားရမည်။
(၁)
လျှောက်ထားမည့်သင်တန်းကျောင်းသည် လိုင်စင်သက်တမ်းရှိသောသင်တန်းကျောင်းဖြစ်ရမည်။
(၂)
လျှောက်ထားမည့်သင်တန်းကျောင်းသည် Japan Foundation ၏
စစ်တမ်းဖြေဆိုထားသော“Institution ID” ရှိသော သင်တန်းကျောင်းဖြစ်ရမည်။ Institution
ID မရှိသော သင်တန်းကျောင်းအသစ်များအနေဖြင့် ယာယီကုဒ်နံပါတ် (Temporary
Code) အား MAJA ရုံးသို့ဆက်သွယ်ရယူနိုင်ပါသည်။
(၃)
သင်တန်းကျောင်းလိုင်စင်တွင်ပါရှိသော ပိုင်ရှင်၏ အချက်အလက်နှင့် ကာလာမှတ်ပုံတင်
ဓါတ်ပုံ (JPEG or PNG)
(မှတ်ပုံတင်၏
ရှေ့ခြမ်းနှင့် နောက်ခြမ်း ဓါတ်ပုံအား ပြင်ဆင်ထားရမည်။ ဝါးနေခြင်း၊
ဘေးတစောင်းဖြစ်ခြင်း၊
ပုံဆိုဒ်သေးလွန်းခြင်း၊
အချက်အလက်ကွဲလွဲနေခြင်း များလက်မခံပါ။)
(၄)
သက်တမ်းရှိသင်တန်းကျောင်းလိုင်စင် ကာလာ ဓါတ်ပုံ (JPEG or PNG)
(ဝါးနေခြင်း၊
ဘေးတစောင်းဖြစ်ခြင်း၊ ပုံဆိုဒ်သေးလွန်းခြင်း၊ အချက်အလက်ကွဲလွဲနေခြင်း
များလက်မခံပါ။)
(၅)
ငွေပေးချေရန် အတွက် အောက်ပါငွေပေးချေမှုနည်းလမ်း တစ်ခုခု။
- K Pay
- Ecommerce
Registered ပြုလုပ် ထားသော MPU Card
(၇)
မှတ်ပုံတင် အချက်အလက် ဖြည့်သွင်းရာတွင် သင်တန်းကျောင်းတာဝန်ခံကိုယ်တိုင်
ဖြည့်သွင်းရပါမည်။ အကယ်၍ အခြားသူများမှ ကိုယ်စားလုပ်ဆောင်ပေးပြီ အမှားတစ်စုံတစ်ရာ
ပေါ်ပေါက်ပါက သင်တန်းကျောင်းတာဝန်သာဖြစ်သည်။
***Registration ပြုလုပ်ရာတွင် အမှန်တကယ်ဖြေဆိုမည့် Level နှင့်
စာဖြေသူအရေအတွက်အား တစ်ပါတည်း ဖြည့်သွင်းရမည်ဖြစ်ပြီး၊ ပြောင်းလဲ
လျှောက်ထားခွင့်မရှိကြောင်းသတိပြုပါ။ ***
လျှောက်လွှာလက်ခံမည့်ရက်နှင့်
ပတ်သက်၍ ထပ်မံကြေငြာ သွားမည်ဖြစ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
ဆက်သွယ်ရန် - 01 757 10 15 Ext-1 (နံနက်
၉ နာရီမှ ညနေ ၄း၃၀ နာရီ ရုံးချိန်တွင်းသာ)